ငါ ကြိုးတစ်ချောင်း အစွန်မှာကိုင်ထားတယ်။ မင်းလဲ တခြားတစ်ဖက် မှာကိုင်ထားတယ်။ မင်းက ပြောဘူးတယ်။ ဒီကြိုးလေးကိုဘယ်တော့မှ မလွှတ်ပါနဲ့တဲ့ ။ ငါလဲ ဒီကြိုးလေးတစ်ချောင်း ကိုအမြတ်တနိုး နဲ့ တန်ဖိုးထားတယ် ။ မင်း အမြဲပြောလေ့ရှိတယ် ။ ဘာလို့ဒီကြိုးကို လွှတ်ချချင်တာလဲတဲ့
အမြတ်တနိုးနဲ့ ဒီကြိုးကို ကိုင်ထားမှာပါ ။ ကိုယ်လည်း တစ်ခါတစ်လေ မှားမှာပါ ။ ကိုယ်မှန် တဲ့ဟာတွေ
ရှင်းပြ ရင် ခွင့် လွှတ်ပါလား ။ မင်းက မင်းအချစ်ပဲကြည့်တတ်တယ်။ ကြိုးကို မင်းဘက်ဆောင့်ဆောင့် ဆွဲတတ်တယ်။ မင်း ချစ်တိုင်း အဲလို မင်းဘက်ဆွဲသင့်ရဲ့လား အချစ်ရာ….. ကြိုးလွတ်ကျရင်လည်း
ကိုယ် မခံစားနိုင်ဘူး။ ကြိုးမပြတ်အောင်လဲ ကိုယ်မှာ ဂရုစိုက်ရသေးတယ် ။ ကြိုးတစ်ချောင်းတောင်
ပြတ်ရင် နှစ်ဘက်စလုံးမှာ ဒဏ်ရာကိုယ်စီ ကျန်ခဲ.မှာ။ မင်း မခံစားရဘူး လို့ မပြောပါဘူး ။ မင်း လုပ်သင့်တယ် ထင်ရင် တော့လုပ်ပါ ။ မင်းလေးတစ်ယောက်ပဲ ရှိတယ် ။
မင်းလေးတစ်ယောက်ကိုပဲ လက်ထပ်မယ်
ကိုယ်က မင်းကို အရမ်းချစ်တာကိုး.....
Saturday, February 28, 2009
Subscribe to:
Posts (Atom)