Friday, December 19, 2008

ပြည်တော်ပြန်ခရီး


ခုတစ်လောကိုရွှေမြန်မာတွေပြည်တော်ပြန်တာသိပ်မတွေ့ရသလိုပဲ။သူငယ်ချင်းတစ်ယောက်နှစ်ယောက်
လောက်ပဲပြန်တာတွေ့ရတယ်။Decemberဆိုတာပွင့်လင်းရာသီလေ။အမြဲလိုလိုလေယာဉ်လက်မှတ်တော်
တော်ခက်တယ်ဗျ။ခုလဲခက်တုန်းပါပဲ   ဖြစ်နိုင်တာကသူတို့တွေပိုက်ဆံရှာနေကြသလားပဲ။ Common test ပြီးလို့ သူငယ်ချင်းတွေလည်း Shangrila Hotal ရောက်တဲ့လူတွေလဲရောက်၊ Guardian shop ရောက်တဲ့လူလဲရောက်နဲ့ဟုတ်နေကြတာပဲ။ Decemberဆိုတာပိုက်ဆံဖြုန်းရလွယ်သလို ရှာရတာလည်းလွယ်တာကိုး။ Hotal မှာဆိုလည်း 1 hr 8 ဒေါ်လာဆိုတော့ 8hr ပဲလုပ်ဦး၊ 64 ဒေါ်လာ
မိုက်တယ်နော်  နောက်တစ်ခုက project တွေနဲ့ပိနေလို့မပြန်ကြတာ၊ ကျွန်တော်ကတော့အမေ၊အဖွားနဲ့အဖိုးတို့ Singapore ရောက်လာကြလို့အလုပ်လဲမလုပ်ဘဲဟန်ကြနေတာ :DDD ။ ဘယ်လိုဘဲဖြစ်ဖြစ် Ngee ann ကျောင်းသားတော်တော်များမှာတူညီတဲ့တစ်ခုတော့ရှိတယ်ဗျ။
သင်္ကြန်ကဲကြဖို့လေ။ကြားသားမိုးကြိုးဒီနှစ် Ngee ann Polyကသင်္ကြန်ပြီးမှပြန်ဖွင့်မှာလေ။အဲတော့တော်
တော်များက Februaryမှာမှအထုပ်ပြင်ကြတော့မှာ။Ngee annမောင်နှံတွေကလည်းတူတူပြန်ကဲကြဖို့လူစု
နေကြပြီ။စုံတွဲကိုယ်စီလည်းအင်းယားဘယ်မဏ္ဍပ်မှာကဲရင်ကောင်းမလဲစဉ်းစားပြီးလောက်ပြီ။နားထဲမှာ
တောင်တူးပို့ တူးပို့ သံစဉ်တွေကြားလာရသလိုပဲ။ဘယ်လိုဘဲဖြစ်ဖြစ်ခုလောလောဆယ်တော့၂၀၀၉ new year ကိုဘယ်နေရာသွားရင်ကောင်းမလဲစဉ်းစားဦးမှ၊ Orchard မှာတော့ခုလောလောဆယ်တော်တော်စည်တယ်၊ မရောက်သေးရင်သွားကြပါဦး.လန်းတယ်ဗျ
ကဲအားလုံးဘဲ
Happy New year to 2009

4 comments:

  1. တော်တော်ပျော်နေတယ်ပေါ့လေ...
    သွားပါသွားပါ...
    ငါ့ကတော့ နေခဲ့ရမယ့်သူပါ...
    စင်္ကာပူမှာ... ထိုင်ကာငုတ်တုတ်... အီး... ဟီး... ဟီး...

    ReplyDelete
  2. လိုက်ခဲ့ပါလား..မထားခဲ့ပါဘူး

    ReplyDelete
  3. အေးလေ လိုက်သွားပေါ့
    ယမမင်းလေးရယ်
    ညီရေ သူမလိုက်နိုင်လဲ အားပါးတရကဲသိလား
    ဟီး မြှောက်ပေးသွားတယ်
    ဟေ ဟေ

    ReplyDelete
  4. humm...Good that you can enjoy Thingyan festival. For me, I'll have to stay at home instead of joining it... :'(

    ReplyDelete